အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ဂျပန်နိုင်ငံတကာ ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ Japan International Medical Techonology Foundation (JIMTEF) တို့၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို ရုံးအမှတ်(၅၁) ရှိ ၀န်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ KESEIKAI , JIMTEF အဖွဲ့မှ Mr. SHUSEI KANARI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံရှင်ရဲထွဋ်ကုမ္ပဏီ မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
[download id=”347″]


