အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်အား ထိုင်ဝမ်၊ ကျန်းမာရေးအဖွဲ့ (CHC Health Care Group) မှ လူမှုဖူလုံရေးအဖွဲ့ အောက်ရှိ ဆေးရုံ၊ ဆေးခန်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် ၃၁-၁၀-၂၀၁၄ ရက်နေ့ (၁၁းဝ၀) နာရီ တွင် နေပြည်တော် ရုံးအမှတ် (၅၁) ရှိ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း နှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းစိန် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာ၌ လူမှုဖူလုံရေးစီမံကိန်းတွင် ဆောင်ရွက်လျက်ရှိသည့် အာမခံအကျုံးဝင် အလုပ်သမားများအား ထိရောက်သော အကျိုးခံစားခွင့်များပေးနိုင်ရေး၊ လူမှုဖူလုံရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ဆေးရုံများ၊ ဆေးခန်းများအား အဆင့်မြှင့်တင်ရေး၊ နည်းပညာဆိုင်ရာ အကူအညီ အထောက်အပံ့များပေးနိုင်ရေး နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ အား ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။