အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၁-၃-၂၀၂၃ ရက်နေ့၊ (၁၄:၀၀) နာရီမှ (၁၆:၀၀) နာရီထိ ရုံးအမှတ် (၅၁)၊ အလုပ်သမား ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်မည့် Promotion of the Value of the National Skills Recognition Certificate through Skills Development System စီမံကိန်းအရ Project Steering Committee (PSC) အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ NSSA ၏ ကျွမ်းကျင်မှုအသိအမှတ်ပြုရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိ အမှတ်ပြုရေးကော်မတီ (ACC)၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီမှ ဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် Online မှ တက်ရောက်သူများ အပါအဝင် စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ပါသည်။ အပြည့်အစုံဖတ်ရှုရန်

Promotion of the Value of the National Skills Recognition Certificate through Skills Development System စီမံကိန်းအရ Project Steering Committee (PSC) အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှတ်တမ်းဓာတ်ပုံများ