အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ရေး အဖွဲ့သည် လုပ်ငန်းခွင်ကျွမ်းကျင်မှု “စံ”များ သတ်မှတ်ပေးခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးရေးဌာနများ တည်ထောင်ခြင်း၊ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းခွင် ကျွမ်းကျင်မှုပြိုင်ပွဲများ ပြုလုပ်ပေးနိုင်ရန် စီစဉ်ပေးခြင်းဖြင့် မြန်မာနိုင်ငံလုပ်သား ဈေးကွက်တွင်ရှိသော အလုပ်လုပ်နိုင်သည့် အရွယ်လူငယ်လုပ်သားထုများအား ကျွမ်းကျင်မှုအဆင့် အတန်းများ မြင့်မားလာစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ”သတ်မှတ်ရေးအဖွဲ့မှ လမ်းညွှန်မှုဖြင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ တွင် အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှု ပြိုင်ပွဲ ၂၀၁၄ သို့ အသင်းအုပ်ချုပ်သူအဖြစ် ဦးစောနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပြိုင်ပွဲဝင်များ၊ လုပ်ငန်းကျွမ်းကျင်သူများ၊ အုပ်ချုပ်သူနှင့်နည်းပြများ အဖွဲ့ဝင်စုစုပေါင်း ၂၆ ဦး ပါဝင် လိုက်ပါ၍ မြန်မာနိုင်ငံကိုယ်စားပြုအသင်း သွားရောက်ပါဝင် ယှဉ်ပြိုင်နိုင်ခဲ့ကြပါသည်။

(၁၀)ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲတွင် အာဆီယံ ၁၀ နိုင်ငံသည် ပြိုင်ပွဲဧရိယာ ၂၅ မျိုး၌ ပြိုင်ပွဲဝင် ၂၈၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအသင်းသည် ပြိုင်ပွဲ ဧရိယာ ၆ မျိုး၌ ပြိုင်ပွဲဝင် ၇ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် နိုင်ခဲ့ရာ မြန်မာ နိုင်ငံ ကိုယ်စားပြုအသင်း အတွက် အချက်အပြုတ်လုပ်ငန်း ကျွမ်းကျင်မှုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မောင်မင်းစုပိုင် သည် Medallion of Excellence ဆုတံဆိပ်တစ်ခုနှင့် Best of Nation ဆုတံဆိပ်တစ်ခု ရရှိခဲ့ပါသည်။

[download id=”345″]