အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် ခန်ပအပ်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ စီစစ်ရွေးချယ်ပေးချက်အရ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ခန့်အပ်ပြီးဖြစ်သည့် ဦးစီအရာရှိ (၃၄)ဦးအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု အရာထမ်းအမှတ်စဉ် (၁/၂၀၁၅) သင်တန်းဆင်းပွဲအား ၉-၁၀-၂၀၁၅ ရက်နေ့ နေ့လည် (၁၄:၃၀) အချိန်၌ ရန်ကုန်မြို့၊ လူမှုဖူလုံရေးအဖွဲ့၊ အလုံစတိုဝန်း အတွင်းရှိ ၄ ထပ်ဆောင် သင်တန်းခန်းမ တွင် ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသန်း တက်ရောက်၍ သင်တန်းဆင်းပွဲ အမှာစကားပြောကြားခြင်း၊ သင်တန်းထူးချွန်သူများ၊ သင်တန်းသား/သူများအား သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးပြီး အခမ်းအနားကို ညနေ (၅:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ၊ သင်တန်းကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးခွဲများမှ ရုံးတာဝန်ခံများ၊ သင်တန်းသား/သူ (၃၄) ဦး တက်ရောက်ကြောင်း သတင်းရရှိခဲ့ပါသည်။

