၆-၇-၂၀၁၅ (တနင်္လာနေ့) တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဌဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းမှ ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုများအား ငွေလုံးငွေရင်း အကျိုးခံစားခွင့် တစ်လုံးတစ်ခဲတည်း ထုတ်ပေးခြင်း၊ အမြဲတမ်းမသန်စွမ်းမှုပင်စင် ငွေလုံးငွေရင်းခွင့်ပြုထုတ်ပေးခြင်းနှင့် ဆေးဘိုးကုန်ကျငွေများအား ပြန်လည်ထုတ်ပေးခြင်း အခမ်းအနား သို့ တက်ရောက် ၍ အကျိုးခံစားခွင့်များ ပေးအပ်ခဲ့ပါသည်။





