အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ အလုပ်အကိုင်နှင့်‌ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း သည် ၁၉-၂-၂၀၁၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်‌လူမှုဖူလုံရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများအား တာဝန်ရှိသူများ လိုက်ပါလျက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ဒုတိယဝန်ကြီး မှ ဝန်ထမ်းမိသားစုများအား အိမ်ရာများ၊ အခန်းများ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ကြရန်၊ လိုအပ်သည့် အိမ်ရာများ ကြံ့ခိုင်ရေးနှင့် ပျက်စီးယိုယွင်းမှုများကို သက်ဆိုင်ရာဌာနများမှ အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်သွားကြရန်၊ ဝန်ထမ်းအိမ်ရာများ၌ မိသားစုများ စားသုံးနိုင်ရန် တစ်နိုင်တစ်ပိုင် စိုက်ခင်းများ စိုက်ပျိုးထားကြရန်နှင့် နွေရာသီကာလ ရောက်ရှိတော့မှာဖြစ်၍ မီးဘေး အန္တရာယ်နှင့် မလိုလားအပ်သော ဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် မီးကို ဂရုပြု သုံးစွဲကြရန်၊ ဘေးပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းထားရှိကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။