အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Month: ဒီဇင်ဘာ 2017

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (MRC) ချင်းပြည်နယ်ရုံး ဖွင့်လှစ်ခြင်း

နေပြည်တော် ဒီဇင်ဘာလ ၇ ရက် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန Myanmar Migration Resource Center – MRC) ချင်းပြည်နယ်ရုံး ဖွင့်လှစ်ခြင်း အခမ်းအနားကို ၃-၁၂-၂၀၁၇ ရက်နေ့ ၁၃:၃၀ နာရီတွင် ဟားခါးမြို့ရှိ…

လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာလ ၆ ရက် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းအသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၆-၁၂-၂၀၁၇ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပပါသည်။ အဆိုပါအခမ်းအနားသို့…

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်မြို့၊ ဥရောပသမဂ္ဂအဖွဲ့ရုံးသံအမတ်ကြီး Mr. Kristian Schmidt အား နေပြည်တော်၌ တွေ့ဆုံ၊ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာလ ၅ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့၊ ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Kristian Schmidt အား ဒီဇင်ဘာလ(၅)ရက်၊ မွန်းလွဲ(၃)နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊…

အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၁၉ နှင့် ၂၀ တို့အရ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် အမိန့်ကြော်ငြာစာအမှတ် ၁၃၁/၂၀၁၇ ဖြင့် ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ခုံသမာဓိကောင်စီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ ၂၄-၈-၂၀၁၇ ရက်နေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၃၁/၂၀၁၇) ဖြင့် အသစ်ပြန်လည်ဖွဲ့စည်း၍ တာဝန်ပေးအပ်ထားသော ခုံသမာဓိကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၁၃၁/၂၀၁၇) အားဖတ်ရှုရန်…

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး Mr. Kerem Divanlioglu အား နေပြည်တော်၌ လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာလ ၁ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Kerem Divanlioglu အား နိုဝင်ဘာလ(၃၀)ရက်၊ မွန်းလွဲ(၂)နာရီအချိန်တွင် နေပြည်တော်ရှိ…