ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ မင်းနန္ဒာလမ်း၊ အမှတ် (၁၄/ E) ရှိ အလုပ်ရှင် ဒေါ်တင်တင်အောင် ပိုင်ဆိုင်သော MGOU Myanmar နှင့် အလုပ်သမား ဒေါ်ဖြူဖြူဟိန်း တို့အကြားဖြစ်ပွားသော အလုပ်မှရပ်စဲခံရသည့်အငြင်းပွားမှုနှင့်ပတ်သက်၍ ၂၈-၇-၂၀၂၅ ရက်နေ့တွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးတာဝန်ခံအရာရှိ၏ ဖြေရှင်းပေးခဲ့မှု အရ အလုပ်ရှင်ဘက်က အလုပ်သမား ဒေါ်ဖြူဖြူဟိန်းကို အလုပ်မှရပ်စဲခဲ့သဖြင့် နို့တစ်ကြေး တစ်လစာကျပ် ၃၄၀,၀၀၀၊ အလုပ်ရပ်စဲမှုနစ်နာကြေး လဝက်စာ ကျပ် ၁၄၀,၀၀၀ စုစုပေါင်း ကျပ် ၄၈၀,၀၀၀ (ကျပ်လေးသိန်းရှစ်သောင်းတိတိ) ပေးချေသည်ကို အလုပ်သမားက သဘောတူလက်ခံ ရယူခဲ့သဖြင့် အငြင်းပွားမှုကိုဖြေရှင်းပြီးစီးပြီးဖြစ်ပါသည်။

