မန္တလေး အလုပ်သမားဆေးရုံအုပ်ကြီး ဦးဆောင်သော လူမှုဖူလုံရေး အာမခံ အလုပ်ဌာနအရောက် ကွင်းဆင်း ဆေးကုသမှု အဖွဲ့ သည် ၃၀-၅-၂၀၁၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးစက်မှုဇုန် CP ကြက်သားစက်ရုံ ရှိအာမခံအလုပ်သမား ၁၃၆ ယောက်ကို ဆေးကုသမှု ပေးခဲ့ပြီး လူနာ ၁၅ ဦး ကို အလုပ်သမားဆေးရုံကြီး သို့ လွှဲပြောင်းကုသပေးခဲ့ပါသည်။
အဆိုပါ ဆေးကုသမှု အဖွဲ့ တွင် ချမ်းအေးသာစံ ၊အောင်မြေသာစံ၊ပြည်ကြီးတံခွန် နှင့် မဟာအောင်မြေ မြို့နယ် လူမှုဖူလုံရေး ဆေးခန်း ဆရာဝန် များပါဝင်အားဖြည့်ထားပြီး အပတ်စဉ် သောကြာနေ့ တိုင်း စက်ရုံ အလုပ်ရုံများကိုကွင်းဆင်းဆေးကုသသွားမည်ဖြစ်ပါသည်။






