အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁၆-၆-၂၀၁၄ ၊ ရန်ကုန်

စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် အေးချမ်းသာယာ၍ လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်စေပြီး ကုန်ထုတ်စွမ်းအား တိုးတက်စေရန် နှင့် အလုပ်ရှင်၊ အလုပ်သမားများ အနေဖြင့် အလုပ်သမားရေးရာဥပဒေများကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ် သည့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ လျော့နည်းစေရန် ရည်ရွယ်ချက်ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် ၊ ကနောင်ခန်းမ တွင် အလုပ်ရှင်များ၊ မန်နေဂျာများ နှင့် ကြီးကြပ်ရေးမှူးများအတွက် စက်ရုံ၊ အလုပ်ရုံ စီမံခန့်ခွဲမှုဆိုင်ရာ နှင့် ဥပဒေရေးရာ သင်တန်း ဖွင့်ပွဲကို ၁၆-၆-၂၀၁၄ ရက်နေ့ ညနေ(၅) နာရီ မှ (၇)နာရီ ထိ ကျင်းပ ပြုလုပ်ခဲ့ရာ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် တက်ရောက်အမှာစကားပြောကြား ခဲ့ပါသည်။ [download id=”267″]