Naypyitaw State Academy မှ ကျောင်းသား/ကျောင်းသူများအား ၂-၁၀-၂၀၂၃ ရက်နေ့မှ ၂၆-၁၀-၂၀၂၃ ရက်နေ့အထိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် ရက်သတ္တပတ်(၄)ပတ်ခန့် လက်တွေ့လုပ်ငန်းခွင် (Internship Program) လေ့လာသင်ယူပြီးဖြစ်သောကြောင့် ၂၆-၁၀-၂၀၂၃ ရက်နေ့တွင် Internship Program ကျောင်းသားကျောင်းသူများ၏ လုပ်ငန်းခွင်လေ့လာရေး အစီအစဉ်ပြီးစီးမှုအခမ်းအနားပြုလုပ်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(၁)နှင့် (၂)တို့မှ ကျောင်းသား၊ ကျောင်းသူများအား လုပ်ငန်းခွင်လေ့လာရေးအစီအစဉ် တွင် ပြီးမြောက်မှု အသိအမှတ်ပြုလက်မှတ် (Certificate of Completion) ပေးအပ်ခဲ့ပါသည်။



