အလုပ်သမားများသည် ခွင့်ရက်နှင့်ပိတ်ရက်များကို လစာအပြည့်နှင့်
ခံစားခွင့်ရှိသည် ။
ခံစားခွင့်ရှိသည် ။
(က) | ရှောင်တခင်ခွင့် |
အရေးပေါ်ကိစ္စရပ်များအတွက်အလုပ်သမားများသည်လုပ်ခလစာ အပြည့်ဖြင့် တစ်နှစ်လျှင် (၆) ရက် ခံစားခွင့် ရှိသည်။ သို့သော် တစ်ဆက်တည်း ရှောင်တခင်ခွင့် (၃)ရက်ထက် မပိုရပါ။ ရှောင်တခင် ခွင့်ကို သက်ဆိုင်ရာ နှစ်အတွင်း မယူလျှင် ပျက်ပြယ်သည်။ |
(ခ) | လုပ်သက်ခွင့် |
(၁၂)လတစ်ဆက်တည်းအလုပ်လုပ်ခဲ့သောအလုပ်သမားတစ်ဦး သည် တစ်နှစ်လျှင် ပျမ်းမျှလုပ်ခလစာဖြင့် လုပ်သက်ခွင့် (၁၀)ရက် ကို တစ်ဆက်တည်း ခံစားခွင့် ရှိသည်။ |
(ဂ) | ဆေးခွင့် |
အနည်းဆုံး လုပ်သက် (၆)လ လုပ်ခဲ့ပြီးသော အလုပ်သမားတစ်ဦး သည် ဆေး လက်မှတ်ဖြင့် တင်ပြလျှင် လုပ်ခ လစာအပြည့်ဖြင့် အများဆုံး ဆေးခွင့်(၃၀)ရက်ခံစားခွင့် ရှိသည်။ သက်ဆိုင်ရာ နှစ်အတွင်းအဆိုပါခွင့်မယူလျှင်ပျက်ပြယ်သည်။(၁၂)လဆက်တိုက် အလုပ်မလုပ်သော လုပ်ငန်း(သို့)အလုပ်ရုံရှိအလုပ်သမား များသည် ၄င်းတို့ လုပ်ခဲ့သော လုပ်သက် အချိုးအစား အလိုက် အထက်ပါ ခွင့်အမျိုးအစားများကို ခံစားခွင့်ရှိသည်။ |
(ဃ) | အများပြည်သူအလုပ်ပိတ်ရက် |
(၁)နှစ်လျှင် အများပြည်သူ အလုပ်ပိတ်ရက် ပျမ်းမျှ (၂၁)ရက်ကို လုပ်ခလစာ အပြည့် ဖြင့်ခံစားခွင့် ရှိသည်။ |
(င ) | အများပြည်သူအလုပ်ပိတ်ရက်တွင်အလုပ်လုပ်ကိုင်ခြင်း |
အများပြည်သူ အလုပ်ပိတ်ရက်၌ ပုံမှန် အလုပ်ချိန် အတွင်း အလုပ်လုပ်ရသော အလုပ်သမား များသည် အခြေခံ လုပ်ခ လစာ၏ (၂)ဆနှင့် ပုံမှန် ခံစားခွင့် နှုန်းထား အတိုင်းခံစားခွင့် ရှိသည်။ |