၁၄-၈-၂၀၂၃ ရက်နေ့မှ ၁၈-၈-၂၀၂၃ ရက်နေ့အထိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၌ ကျင်းပပြုလုပ်သော Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း) ကို မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ Online မှတစ်ဆင့်ဖွင့်လှစ်ပေးခဲ့ရာ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ သင်တန်း သား (၃၁) ဦး၊ သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ သင်တန်းသား (၂) ဦး၊ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ် အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ သင်တန်းသား (၂) ဦးနှင့် Virtual စနစ်ဖြင့် ဆောက်လုပ်ရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီမှ သင်တန်းသား (၂) ဦး စုစုပေါင်း သင်တန်းသား (၃၇) ဦး၊ သင်တန်းနည်းပြဆရာ/ ဆရာမများနှင့် NSSA မှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။

