အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၈-၆-၂၀၂၃ ရက်နေ့မှ ၁၂-၆-၂၀၂၃ ရက်နေ့ထိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပပြုလုပ်သော Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူ နည်းစနစ်သင်တန်း) သင်တန်းဆင်းပွဲအခမ်းအနားကို ၁၂-၆-၂၀၂၃ ရက်နေ့၊ (၁၅:၀၀) နာရီတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ နည်းပြအရာရှိများ၊ သင်တန်းနည်းပြများ၊ လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ စေလွှတ်သော သင်တန်း သားများ နှင့် Online မှ တက်ရောက်ကြသူများအပါအဝင် စုစုပေါင်း (၃၆) ဦး တက်ရောက်ခဲ့ပါ သည်။