၁၆-၉-၂၀၂၆ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန၊ ယာယီအစည်းအဝေးခန်းမ၌ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ (Core Working Group- CWG) ၏ (၁/၂၀၂၆) ညှိနှိုင်းအစည်းအဝေးကို စုစုပေါင်း (၂၄) ဦး ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

