အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေးတိုင်းဒေသကြီး၊ စုဖြိုးအထည်ချုပ်စက်ရုံ၌ ၂၄-၂-၂၀၂၆ ရက်နေ့မှ ၆-၃-၂၀၂၆ ရက်နေ့ထိ အခြေခံမော်တာအပ်ချုပ်စက်နည်းပညာသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် တိုင်းဒေသကြီးဦးစီးမှူး ဦးစီး၍ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ ၂၆-၂-၂၀၂၆ ရက်နေ့မှ ၁၂-၃-၂၀၂၆ ရက်နေ့ထိ အခြေခံဆိုလာတပ်ဆင်ခြင်းနည်းစနစ်သင်တန်းကို သင်တန်း သား (၂၀) ဦးဖြင့် တိုင်းဒေသကြီးဦးစီးမှူး ဦးစီး၍ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။