ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူး) ၌ ၂၉-၁-၂၀၂၆ ရက်နေ့မှ ၂၆-၂-၂၀၂၆ ရက်နေ့အထိ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း (၁/၂၀၂၆) ကို သင်တန်းသား (၂၀) ဦးဖြင့် ၂၉-၁-၂၀၂၆ ရက်နေ့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစီး၍ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

