လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို အလုပ်သမားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ၁၃-၁-၂၀၂၆ ရက်နေ့ (၀၉:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ အဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အညွှန်းကိန်းနှင့်သက်ဆိုင်သော ဌာန၊ အဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဌာန၊ အဖွဲ့အစည်း၊ ကော်မတီတို့မှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ လေ့လာသူများ စုစုပေါင်း (၉၅) ဦးခန့်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

