၁။ PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည့် မိမိအစီအစဉ်ကျွမ်းကျင်မြန်မာလုပ်သား များအား အသိပေးခြင်းကြေညာချက်ကို ၂၈-၃-၂၀၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ တွင်လည်းကောင်း၊ အေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ နိုင်ငံအလိုက်စေလွှတ် ရေးလုပ်ငန်းစဉ် SOP များကို ၂၂-၃-၂၀၂၅ ရက်နေ့မှ ၂၈-၃-၂၀၂၅ ရက်နေ့အထိ နိုင်ငံပိုင်သတင်း စာများတွင်လည်းကောင်း၊ ဝန်ကြီးဌာန၏ Facebook Page၊ Safe Migration Facebook Page နှင့် Safe Migration Telegram Channel တို့တွင်လည်းကောင်း အများပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး အသိပေးကြေညာချက်တွင် ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက် (မပါ) ၅ ရက်ကြိုတင်၍ လျှောက်ထားရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
၂။ ၎င်းကြေညာချက်နှင့်အညီအလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အေဂျင်စီ အစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိ အစီအစဉ်ဖြင့် ကျွမ်းကျင်/ခွင့်ပြန်ဖြင့်ဖြစ်စေ OWIC ပြုလုပ်ခွင့်များနှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။
၃။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပေးပို့လာသည့်စာရင်းများအရ မိမိအစီအစဉ် ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် အပိုဒ် ၁ ပါအချက်များကို လိုက်နာခြင်းမရှိသည့် အပြင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ထွက်ခွာနေကြောင်း စိစစ်တွေ့ရှိရပါသည်။
၄။ ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဝန်ကြီးဌာန၏ Website ဖြစ်သည့် www.mol.gov.mm၊ Safe Migration Facebook Page နှင့် Safe Migration Telegram Channel တို့တွင် ကြေညာထားရှိပြီးဖြစ်ပါသည်။
၅။ သို့ဖြစ်ပါ၍ OWIC လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာ မည်ဆိုပါက ၁၄-၁-၂၀၂၆ ရက်နေ့မှစတင်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန

