အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဩဂုတ် ၂၈ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ Chief of Mission ဖြစ်သူ Mr. Akio Nakayama ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လည် ၁၄၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာလုပ်သားများရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှု ဆိုင်ရာအမျိုးသား ဒုတိယ ၅ နှစ်တာလုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၊ခိုင်မာသောအုပ်ချုပ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှု များဖြင့် အလုပ်သမားရွှေ့ပြောင်းသွားလာခြင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကျိုးသက်ရောက်မှုများ တိုးမြှင့်ရရှိစေခြင်း(တွဲလက်စီမံချက်) နှင့် MILDAS Project တို့အရ ရွှေ့ပြောင်းသွားလာရန် အလား အလာရှိသောတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရွှေ့ပြောင်းသွားလာသူများနှင့်ယင်းတို့၏မိသားစု ဝင်များအား ရွှေ့ပြောင်းသွားလာခြင်းမပြုမီ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာပေးသင်တန်း၊ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းနှင့် ကျွမ်းကျင်မှုအရည်အသွေးတိုး တက်မှုဆိုင်ရာသင်တန်းများနှင့် အလုပ်အကိုင်ချိတ်ဆက်ပေးခြင်း၊ရွှေ့ပြောင်းအလုပ်သမားများနှင့် ယင်းတို့၏မိသားစုဝင်များအားရွှေ့ပြောင်းသွားလာခြင်းမှရှိလာသည့် အကျိုးဖြစ်ထွန်းမှုစီမံခန့်ခွဲခြင်း တို့အပေါ် အသိပညာပေးခြင်းဆိုင်ရာ သင်တန်းနှင့် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု တတ်မြောက်ရေး သင်တန်းများဖွင့်လှစ်ရာတွင်ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ နှင့်ပတ်သက်၍လည်းကောင်း၊ Global Compact of Migration နှင့် ပတ်သက်၍ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ IOM မှ ပေးပို့လာသည့် ၂၀၁၉ Work Plan အား မူအားဖြင့် သဘောတူထားရှိပြီး အသေးစိတ် အချက်အလက်များအား လုပ်ငန်း အဖွဲ့များဖြင့်ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ IOMနှင့်မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေးကိစ္စရပ်များ နှင့်ပတ်သက်၍လည်းကောင်း၊ တရားမဝင်ရွေ့ပြောင်းသွားလာခြင်းအား လျော့ချနိုင်ရန်နှင့်မှန်ကန် သော သတင်းအချက်အလက်များ ပံ့ပိုးကူညီပေးနိုင်ရေးအတွက် တာချီလိတ်၊ မူဆယ်၊ မြစ်ကြီးနား နှင့်မြိတ်မြို့ တို့တွင်ရွှေ့ပြောင်းလုပ်သားများ ထောက်ပံကူညီရေးဗဟိုဌာနများ အသစ်ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရန် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးရန်နှင့် ရွှေ့ပြောင်းသွားလာသူများနှင့်မိသားစု ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများနှင့် ဖွင့်လှစ်ခဲ့ပြီးသော MRC ရုံး များ၏ လက်ရှိဆောင်ရွက် နေသည့်လုပ်ငန်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ဆောင်ရွက် နေမှုများ၊ဖြစ်ပေါ်တိုးတက်မှုများနှင့်ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။