နေပြည်တော်၊ ဇန်နဝါရီလ ၂၂ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ်(၅၁) ၌ ၂၂-၁-၂၀၁၈ ရက်နေ့၊နေ့လည် ၁၃၀၀ နာရီတွင် အဓမ္မစေခိုင်းမှုပပျောက်ရေးအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ကလေးအလုပ်သမားပပျောက်ရေး၊ လူမှုအကာအကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ တိုးတက်လာစေရေးအတွက် ဖွဲ့စည်းထားရှိသည့် အလုပ်သမားရေးရာပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းကော်မတီတွင် Focal Ministry အဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိ သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့သည် အဓမ္မ စေခိုင်းမှုပပျောက်ရေး နောက်ဆက်တွဲနားလည်မှုစာချွန်လွှာ(Supplementary Understanding –SU)နှင့်လုပ်ငန်းစီမံချက် Action Plan တို့ကို ၃၁-၁၂-၂၀၁၈ရက်နေ့အထိ ထပ်မံသက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ ILO မှ Liaison Officer, Mr. Rory Mungoven နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

