အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ သြဂုတ် လ ၁၆ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၌ ညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများနှင့် US-ASEAN Business Council (US-ABC) ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံသည့်ဆွေးနွေးပွဲပြုလုပ် ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ လူမှုဖူလုံရေးအဖွဲ့နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက် ချက်များ၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အာမခံစနစ်(၃) မျိုးနှင့် လုပ်ငန်း ဆောင်ရွက်ချက်များကို အကျဉ်းချုပ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် US-ASEAN Business Council (US-ABC) ကိုယ်စားလှယ်အဖွဲ့နှင့် ၎င်းတို့၏ မိတ်ဖက်အဖွဲ့အစည်းများမှ ၎င်းတို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအကြောင်းအရာများနှင့် အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လူမှုဖူလုံရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်းနှင့်ပတ်သက်၍ လုပ်ငန်းအကြောင်းအရာများ ရှင်းလင်း ပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတို့ အသီးသီးတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို နေ့လည် (၁၂:၁၅) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

ScreenShot_20170818143131