နေပြည်တော် ၂၀၁၇ ခုနှစ်၊ မတ်လ ၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း၊ ဆေးခန်းအသစ်ဖွင့်ပွဲ အခမ်းအနားကို ၄-၃-၂၀၁၇ ရက်နေ့ (၉:၀၀) နာရီတွင် အဆိုပါ ဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ၊ စက်မှုဇုန်ဥက္ကဌများနှင့် Care Well Medical Co.,Ltd မှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှအရာထမ်း၊အမှုထမ်း များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။[download id=”1165″]

