အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Wednesday, December 7, 2016

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၁/၂၀၁၆) ကို ၆-၁၂-၂၀၁၆ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) အဆောက်အဦ၊ Conference Room ၌ ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဖူလုံရေးအဖွဲ့ အလုပ် အမှုဆောင် ကော်မတီဝင်များ၊ အစိုးရ/ အလုပ်ရှင်/ အလုပ်သမားကိုယ်စားလှယ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။

အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် လူမှုဖူလုံရေးစီမံကိန်းသည် အလုပ်သမားများ၊ လူမှုဒုက္ခများ ကြုံတွေ့လာရသည့်အခါ အခက်အခဲ မရှိစေရေးအတွက် နိုင်ငံတကာတွင်ကျင်းသုံးနေသည့် စီမံကိန်းတစ်ခုဖြစ်သောကြောင့် “တစ်မျိုးသားလုံးအကျုံးဝင်နိုင်စေရေး” ရည်ရွယ်ချက်အား အကောင် အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းတစ်ခုဖြစ်ရာ မှတ်ပုံတင်ခြင်း၊ ကျန်းမာရေးနှင့် လူမှုရေးအကျိုးခံစားခွင့်ထုတ်ပေးခြင်း၊ လုပ်ငန်းခွင်ထိခိုက်မှု အကျိုးခံ စားခွင့်များ ထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနျှင့် ပတ်သက်၍ အစည်းအဝေး၌ ဆွေးနွေးမည့်ကိစ္စရပ်များ၊ ဆုံးဖြတ်အတည်ပြုမည့် ကိစ္စ ရပ်များနျှင့်စပ်လျဉ်း၍ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဠ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းတင်ပြပြီး လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်) ဌာနခွဲ အလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများအား မှတ်တမ်းတင်အတည်ပြုနိုင်ရန်နှင့် အဆုံးအဖြတ်ပေးနိုင်ရန် ညွှန်ကြားရေးမှူးများမှ ရှင်းလင်းတင်ပြခဲ့ရာ လူမှုဖူလုံရေးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင်များက တင်ပြချက်များ အပေါ် ဖြည့်စွက်ဆွေးနွေးခြင်း၊ မှတ်တမ်းတင်အတည်ပြုခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး အစည်းအဝေးကို ၁၆း၃၀ နာရီတွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။