စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လူမှုဖူလုံရေးဆေးခန်းအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ၂၇-၉-၂၀၁၆ ရက်နေ့ နံနက်(၇:၃၅) နာရီအချိန်တွင် အဆိုပါ လူမှုဖူလုံရေးဆေးခန်းအဆောက်အဦသစ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်နှင့် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသန်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် အတူတက်ရောက်လာသောဧည့်သည်တော်များကအဆောက်အဦသစ် ကမ္ပည်းမော်ကွန်းအားအမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဝန်ကြီးများ၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် အကျုံးဝင်မှတ်ပုံအလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။


