အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)မှ Chief of Mission, Mr. Kieran Gorman Best ဦးဆောင် သောကိုယ်စားလှယ် အဖွဲ့ အား ယနေ့ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေနှင့်အတူအမြဲတမ်းအတွင်းဝန်ဦးမျိုးအောင် နှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှအလုပ်သမားများ အားပြန်လည်ခေါ်ယူရေး၊ ရွှေ့ပြောင်း လုပ်သား များ ထောက်ပံ့ ကူညီပေးရေးဗဟိုဌာန (Migrant Resource Center – MRC)များတိုးချဲ့ဖွင့်လှစ်ရန်နှင့်ပိုမိုထိရောက် အကျိုး ရှိစေရေး၊ ပြည်ပတွင်ရောက်ရှိနေကြသည့် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
[download id=”956″]



