မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့ မှ ၂၉ ရက် နေ့အထိ ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံဒေသအတွင်း ကျွမ်းကျင်မှုပြိုင်ပွဲ ကို အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာနမှ Focal Ministry အဖြစ် ဆောင်ရွက်ပေး လျက်ရှိသော မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့(NSSA)မှ ဦးဆောင်၍ အစိုးရ သင်တန်းကျောင်းများ၊ ပုဂ္ဂလိကလုပ်ငန်းများမှလေ့ကျင်ထားသော ပြိုင်ပွဲဝင်များ ဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ပါသည်။
အဆိုပါ ကျွမ်းကျင်မှုပြိုင်ပွဲသို့ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ ဥက္ကဌ၊ အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်၊တို့မှဦးဆောင်၍ Plumb and Heating Electrical ၊ Installation Refrigeration& Air-con installation Cabinet Making ၊ Brick Laying ၊ Restaurant service ၊ Cooking ၊ Mobile Robotics ၊ Mechatronics ၊ Welding စသော အလုပ်အကိုင်ဧရိယာ(၁၀)မျိုးအတွက် ပြိုင်ပွဲဝင်(၁၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။
(၁၁)ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းမှ Restaurant service အလုပ်အကိုင် ဧရိယာပြိုင်ပွဲ တွင် မောင်မျိုးအောင်နှင့် မသက်မှူးဝေတို့ (၂)ဦးသည် Medallion for Excellence ဆု (၂)ဆုနှင့် Plumb and Heating အလုပ်အကိုင် ဧရိယာအတွက် ဝင်ရောက်ယှဉ်ပြိင်ခဲ့သော မောင်ပိုင်စိုးသူ သည် Best of Nation ဆုတို့ကို ဆွတ်ခူး ရရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။





