အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ရွှေ့ပြောင်း အလုပ်သမားစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ အရ ပြည်ပအလုပ်အကိုင်အတွက် မြန်မာအလုပ်သမား များအား ပြည်ပသို့ စနစ်တကျ စေလွှတ်လျှက်ရှိသကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ၌ ဆောင်ရွက်လျှက်ရှိရာ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများမှ နေရပ်ပြန်မည့် အလုပ်သမားများအား ကူညီဆောင်ရွက်ပေး ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ ယင်းတို့၏မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်း များဆောင်ရွက်ပေးခြင်းတို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိပါသည်။
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း (၁၁) ခုတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအနက် မြန်မာနိုင်ငံသို့ပြန်ရန် လေယာဉ်စရိတ်မတတ်နိုင် သူ C of I ရရှိပြီးသည့် မြန်မာနိုင်ငံသား (၁၃၈) ဦးအား ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း၏ လှူဒါန်းမှုအရ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း MAI လေယာဉ်ဖြင့် ၆-၉-၂၀၁၆ ရက်နေ့၊ ၁၈:၂၀ နာရီအချိန်တွင် ဆဌမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပါသည်။[download id=”895″]