အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Scot Marciel နှင့် အဖွဲ့အား ယနေ့မေလ (၂၆) ရက်၊ နံနက် (၁၁)နာရီ၊ (၁၅)မိနစ်တွင် ရုံးအမှတ်(၅၁) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံကာ ပြည်ဝင်ဗီဇာ လွယ်ကူစေရေးအတွက် ဖြေလျှော့ဆောင်ရွက်မှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်နှင့် အလုပ်သမားရေးရာဆိုင်ရာ အတွေ့အကြုံများ မျှဝေပေးနိုင်ရေး အခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။[download id=”730″]


