လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မယ်ဒီကယ်ကုမ္ပဏီတို့ ကျန်းမာရေးဝန်ဆောင်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၁၉-၁-၂၀၁၆ ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီတွင် ရုံးအမှတ်(၅၁)၊ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်၊ ဒုတိယဝန်ကြီးဦးထင်အောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ကျော်၊ လူမှုဖူလုံရေးအဖွဲ့ညွန်ကြားရေးမှူးချုပ ်ဦးထွန်းသန်း နှင့် တာဝန်ရှိသူများ၊ ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနား တွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်မှ ကျန်းမာရေးဝန်ဆောင်မှု သဘောတူစာချုပ်နှင့် ပတ်သတ် ၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီဘက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမူယာညွန့်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကျန်းမာရေး ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဗီဒီယိုဖိုင်များဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်သဘောတူစာချုပ်လက်မှတ်ရေးထိုးကာ ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီ မှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။[download id=”633″]

