အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ထိုင်းနိုင်ငံအစိုးရမှ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော တရားမဝင်နိုင်ငံခြားသား အလုပ်သမားများအတွက် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်ကတ် ခေါ် TR-38 ) ထုတ်ပေးခဲ့ရာ အဆိုပါလက်မှတ်သည် ၃၁-၁-၂၀၁၆ ရက်နေ့တါင် သက်တမ်းကုန်ဆုံးမည် ဖြစ်သဖြင့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်ကတ်ခေါ် TR-38) များ သက်တမ်းကျန်ရှိနေချိန်တွင် အထောက်အထားများ ထုတ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံသားစီစစ်မှုကို အချိန်မီ ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
[download id=”427″]