မကွေးမြို့၊ မြို့တော်ခန်းမ၌ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပသည့် မြန်မာ့ အလုပ်အကိုင်ပြပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းမှာ ကျင်းပခဲ့ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အမှုဆောင်များ၊ ပူးပေါင်းပါဝင်ကြသော စီးပွားရေးအဖွဲ့အစည်းများမှ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် အလုပ်လာရောက် လျှောက်ထားကြသည့် လူငယ်လူရွယ်များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှအဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ကမ္ဘာကြီးမှာသင့်တင့် လျောက်ပတ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးကိစ္စဟာ အဓိကအခန်းကဏ္ဍက ပါဝင် နေတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ချမှတ်အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှုလျှော့ချနိုင်ရေးတို့ အတွက် လုပ်လုပ်နိုင်သူတိုင်း အလုပ်အကိုင်ရရှိဖို့နဲ့ သူတို့အတွက်သင့်တော်ကောင်းမွန်တဲ့ အလုပ်ရရှိရေး ကိစ္စရပ်များကိုအဓိကထားပြီး ဦးစားပေးဆောင်ရွက်နေတယ်ဆိုတာကိုလည်းတွေ့ရှိရမှာဖြစ်ပါကြောင်း၊
[download id=”350″]


