အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ အလုပ်အကိုင်နှင့်‌ လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် သည် မကွေးမြို့တွင် ၂၉-၁၁-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာန (Migrant Resource Center –MRC) ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်‌ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် International Organization for Migrant (IOM)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှအမှာစကား‌ပြောကြားရာတွင် ရွှေ့ပြောင်းသွားလာခြင်းဟာ ယနေ့ကမ္ဘာ မှာ အရေးပါတဲ့အကြောင်းအရာ တစ်ခုဖြစ် နေပြီး ရောယှက်ဆက်နွယ်နေတဲ့ ကမ္ဘာ့ဈေးကွက်များ၊ နိုင်ငံဖြတ်ကျော်လူကုန်ကူးမှုကွန်ရက်များ ပေါ်ထွန်းလာခြင်းနဲ့ သတင်းအချက်အလက် ဆက်သွယ်ရေးနည်း ပညာများအလျင်အမြန် တိုးတက်ထွန်းကားလာမှုများဟာ ကျွမ်းကျင်မှုအဆင့်နိမ့်တဲ့ အလုပ်သမားများနဲ့ ကျွမ်းကျင်မှုအဆင့်မြင့်မားတဲ့ အလုပ်သမားများ၊ ကျောင်းသူ/ကျောင်းသားများ၊ အလုပ်သင်များ၊ သင်တန်းသားများ၊ သူတို့ရဲ့မိသားစုဝင်များနဲ့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုရွေ့လျားသွားလာနိုင်ဖို့ ပံ့ပိုးပေးတဲ့အကြောင်းအရာများဘဲဖြစ်ပါကြောင်း ၊ [download id=”349″]