အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၂-၁၁-၂၀၁၄ ရက်နေ့ တွင် ရန်ကုန်မြို့ လုပ်သားများ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ဂျာမန်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)၊ နည်းပညာ နှင့် သက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်းစီမံကိန်း (TVET Project) မှ အမျိုးသား ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့(NSSA) ရန်ကုန်ရုံးနှင့် နေပြည်တော်ရုံးများအတွက် သတင်းအချက် အလက်နှင့်နည်းပညာ(IT)ပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့်‌ လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့်‌ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင် ၊ ဂျာမန်နည်းပညာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (GIZ)မြန်မာ၊ နည်းပညာ နှင့် သက်မွေးဝမ်းကျောင်း ပညာရပ်သင်တန်းစီမံကိန်း (TVET Project) မှ Country Director Dr. Petra Schill နှင့် ဌာနတာဝန် ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြပါသည်။

[download id=”348″]