အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင်္ကြန်ရုံးပိတ်ရက်များအတွင်း ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးမည့်အခြေအနေအား အသိပေးကြေညာခြင်း

  • အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်ခွင့်လျှောက်ထားမှုများကိုစိစစ်၍ အထောက်အထားပြည့်စုံသူများကို ရုံးဖွင့်ရက်များတွင် OWIC ပြုလုပ်ခွင့် ပေးလျက်ရှိပါသည်။
  • ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့်သူများ လုပ်ငန်းခွင်သို့ အချိန်မီဝင်ရောက်နိုင်ရေးအတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို  ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ထုတ်ပေးရေးဌာန (မြောက်ဒဂုံ)တွင် သင်္ကြန်ရုံးပိတ်ရက်များဖြစ်သော ၂၀၂၂ ခုနှစ်၊ ဧပြီလ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင်ပါ OWIC ထုတ်ပေးရေးလုပ်ငန်း စဉ်များ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန