ဘရူနိုင်းဒါရူဆလင်နိုင်ငံ၊ ဘန်ဒါဆရီဘန်ကာဝမ်မြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃၆) ကြိမ်မြောက် အာဆီယံလူမှုဖူလုံရေး အသင်း (ASSA) ဘုတ်အဖွဲ့အစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံး၏ ၁၂-၉-၂၀၁၉ ရက်စွဲပါ စာအမှတ် ၅၅၉(၃၁)/၁၂/သမ္မတရုံး ဖြင့် ခွင့်ပြုချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး နှင့် ဒုတိယညွှန်ကြားရေးမှူးများဖြစ်သော ဒေါ်စုစုလှိုင်၊ ဒေါက်တာအိအိစိုးထွန်းတို့ တက်ရောက်ခဲ့ပါ သည်။
အဆိုပါအစည်းအဝေးကို ဘရူနိုင်းဒါရူဆလင်နိုင်ငံ၊ ဘန်ဒါဆရီဘန်ကာဝမ်မြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး အရှေ့တောင်အာရှဒေသ များရှိ လူမှုဖူလုံရေးအဖွဲ့များ၊ အခြားသက်ဆိုင်ရာ မိတ်ဖတ်အဖွဲ့အစည်းများနှင့် လူမှုဖူလုံရေး စီမံကိန်းဆိုင်ရာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ် ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။
၁၇-၉-၂၀၁၉ ရက်နေ့တွင် အစည်းအဝေးပထမရက်အား စတင်ကျင်းပခဲ့ရာ TAP Chairman, Yang Berhormat Major General (Rtd) Dato Paduka Seri Awang Haji Aminuddin Ihsan bin Pehin Orang Kaya Saiful Mulok Dato Seri Paduka Haji Abidin ၊ Ministry of Culture, Youth and Sports မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ASSA Chairman, Dr Nguyen Thi Minh, Vice Minister, Director General Vietnam Social Security (VSS) မှ Keynote Speech ပြောကြားခဲ့ပြီး ASSA Recognition Award ဆုချီးမြှင့်ခြင်း အခမ်းအနားအား ကျင်းပခဲ့ပါသည်။
ဆက်လက်၍ Plenary Session အားကျင်းပရာ “ICT: Empowering Innovative Social Security” ခေါင်းစဉ်နှင့် ပတ်သက်၍ ILO မှ Mr Markus Ruck မှ The Future of Work and Social Protection ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ISSA မှ Mr Raul Ruggia-Frick မှ Emerging Technologies in Social Security: International Trends and Perspective ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Dynamik Technologies မှ Mr Chandana Athuda မှ Harnessing Big Data For Social Security ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Silverlake System Sdn Bhd မှ Mr Tan Soo Eng မှ Re–Imagineering Social Security in the Cognitive Era ခေါင်းစဉ်များဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ASSA Good Practices Workshop, Knowledge Sharing အစီအစဉ်၌ “ICT Innovation” နှင့် ပတ်သက်၍ Viet Nam Social Security (VSS) မှ Implements A Multimedia Interactive System With People and Businesses ၊ Social Security Board (Myanmar) မှ Information System Implementation for SSB, Myanmar ၊ BPJS Kentenagakerjaan (Indonesia) မှ MPOS; Biometric Benefit Claim Procedure Through Nation’s Single Identity Number Policy ၊ Social Security Organization (Malaysia) မှ Social Synergy Program ခေါင်းစဉ်ခွဲများဖြင့်လည်းကောင်း၊ “Social Security” နှင့်ပတ်သက်၍ Employee Trusts Fund (TAB), Brunei မှ Retirement Planning Services ၊ Government Service Insurance System (GSIS) (Philippines) မှ Strengthening Social Insurance by Executive Vice President Atty. Nora M. Malubay ၊ Employees Provident Fund (Malaysia) မှ i–Suri (Special Government Incentive for Housewives who are Registered in the National Database on Poverty (eKasih) – EPF Voluntary Contribution ၊ Social Security Office (Thailand) မှ Health Promotion and Disease Prevention in Social Security System ၊ National Health Security Office (NHSO) မှ Thailand Poison Control Center to Regional Preparedness of Poisoning Management ခေါင်းစဉ်ခွဲများဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
၁၈-၉-၂၀၁၉ ရက်နေ့၊ အစည်းအဝေးဒုတိယရက်၌ 36th ASSA Board Meeting နှင့် ASSA Secretariat Meeting တို့အားကျင်းပခဲ့ပြီး ASSA Secretariat Meeting မှ 37th ASSA Board Meeting အား ကမ္ဘောဒီယားနိုင်ငံ၊ SIAM REAP PROVINCE မြို့တွင် ၈-၉-၂၀၂၀ ရက်နေ့မှ ၁၀-၉-၂၀၂၀ အထိ Expanding Social Security Coverage ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရန် ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။
ယခုကျင်းပခဲ့သည့် (၃၆) ကြိမ်မြောက် အာဆီယံလူမှုဖူလုံရေးအသင်း ဘုတ်အဖွဲ့အစည်း အဝေး (36th ASSA Board Meeting)တွင် ASSA Recognition Award အနေဖြင့် မြန်မာနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့မှ Information System Implementation: Data Entry and Cleaning ခေါင်းစဉ်ဖြင့် Recogniton Award 2019 ဆုအား လက်ခံရရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။




