အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက် လျက်ရှိသည့် Assessor များအား User account ဖွင့်လှစ်၍ Assessment ID ဖြင့် Test Item Database မှ မေးခွန်းများကို စနစ်တကျထုတ်ယူစစ်ဆေးနိုင်မည့် နည်းစနစ်များနှင့် လိုက်နာ ဆောင်ရွက်ရန်အချက်များကို သိရှိစေရန်အတွက် သက်ဆိုင်ရာအလုပ်အကိုင်အလိုက် ကျွမ်းကျင် မှုစံသတ်မှတ်ရေးကော်မတီများမှ စေလွှတ်သော သင်တန်းသား (၂၀) ဦးဖြင့် Test Item Database User Training ကို ၂၈-၁-၂၀၂၆ ရက်နေ့မှ ၂၉-၁-၂၀၂၆ ရက်နေ့အထိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ Inperson စနစ်ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် သင်တန်းဆင်းပွဲအခမ်းအနားတို့ကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Online မှတစ်ဆင့် တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ပါသည်။