အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားရေးရာဆက်ဆံ ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်းနှင့် မြောက်ဒဂုံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။

