အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်းကောက်ယူခဲ့သော ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံလုပ်သား အင်အား၊ ကလေးလုပ်သား နှင့် ကျောင်းအပြီးလုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်းဆန်းစစ်ခြင်း စစ်တမ်းအစီရင်ခံစာများထုတ်ပြန်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ The Hotel Royal ACE ၌ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ ဝ၉:ဝ၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) ရန်ကုန်ရုံး မှ Liaison Officer Mr.Rory Mungoven တို့က အမှာစကားပြောကြားပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ဌေးဝင်းက စစ်တမ်းအစီရင်ခံစာများ နှင့် သက်ဆိုင်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြပါသည်။[download id=”885″]