အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁၉-၂-၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဦးစီး၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း (ရန်ကင်း၊ မြောက်ဒဂုံ၊ မန္တလေး၊ ပုသိမ်၊ စက်စဲ၊ ဘားအံ၊ ပဲခူး)  တို့မှ တာဝန်ခံများ၊ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန စီမံခန့်ခွဲရေးဌာနခွဲ၊ အလုပ်အကိုင်နေရာချထားရေးဌာနခွဲနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ဝန်ထမ်းများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါ သည်။