အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ၁၀-၃-၂၀၂၃ ရက်နေ့တွင် ဗဟိုသင်တန်း ကျောင်း (သုဝဏ္ဏ) ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှတာဝန်ရှိသူများ၊ လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု“စံ” သတ်မှတ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန် ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများမှတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင် မှုအသိအမှတ်ပြုလက်မှတ်ရယူကြမည့် ကျွမ်းကျင်လုပ်သားများနှင့် တာဝန်ရှိသူများစုစုပေါင်း (၂၄၅) ဦး တက်ရောက်ခဲ့ကြပါသည်။

