နေပြည်တော်၊ ဇန်နဝါရီ ၃၁ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး Dr. Nikolay Listopadov အား ဇန်နဝါရီလ (၃၀)ရက် မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအလုပ်သမား ရေးရာနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားနိုင်ငံအား ဆိုက်ရောက် ဗီဇာခွင့်ပြုပေးမည့်အစီအစဉ်နှင့် ပြည်ဝင်ဗီဇာဆိုင်ရာလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရေး၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံအတွေ့အကြုံ မျှဝေဖလှယ်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

