အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့၊ သြဂုတ်လ ၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့က ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ် CLMTV ဝန်ကြီးအဆင့် အလုပ်သမားရေးရာ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း“ လူ့စွမ်းအားဖွံ့ဖြိုး တိုးတက်မှုနှင့် မှန်ကန်ကောင်းမွန်သည့် အလုပ်အကိုင်ဖြစ်စေ ရေး”အစည်းအဝေးသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တက်ရောက်ခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမားရေးရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

2ndCLMTV2