နေပြည်တော်၊ ဇူလိုင် ၂၈ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Vikram Miris အား ဇူလိုင်လ(၂၈)ရက်၊ ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာ- အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းသွားလာခြင်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆောင်ရွက် နေမှု၊ နှစ်နိုင်ငံနယ်စပ်နေပြည်သူများ ဖြတ်သန်းသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်များအား အပြည်ပြည်ဆိုင်ရာ ဝင်/ ထွက် ဂိတ်များအဖြင့် သတ်မှတ်ခွင့်ပြုဆောင်ရွက်နိုင်ရေးအခြေအနေများ၊ နှစ်နိုင်ငံလူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။(-)

