နေပြည်တော်၊ ဧပြီ ၃ ရက်။
အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်ဇေယျနှင့် တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တနင်္သာရီ တိုင်းဒေသကြီး ၊ ကော့သောင်းမြို့ရှိ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ ခန်းမ၌ ကော့သောင်းခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ၊ နယ်စပ်ဝင်/ထွက်မှု စစ်ဆေးရေးဂိတ်မှဝန်ထမ်းများ၊ ထိုင်းနိုင်ငံ၊ ရနောင်းမြို့၌ မြန်မာနိုင်ငံမှ အလုပ်သမားများအား မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ( C of I ) ထုတ်ပေးရေးလုပ်ငန်းမှ ဝန်ထမ်းများအား တွေ့ဆုံ သည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန်…….


