အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာန (Migrant Resource Center – MRC) များဖွင့်လှစ်ခြင်း
[download id=”734″]

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာန (Migrant Resource Center – MRC) များကို ဖွင့်လှစ်ရခြင်းမှာဒေသတွင်းအလုပ်သမားများရွှေ့ပြောင်းသွားလာခြင်းလုပ်ငန်းစဉ်များနှင့်ရွှေ့ပြောင်းအလုပ်သမားများတရားဝင်
ရွှေ့ပြောင်းသွားလာခြင်းအတွက်အဆင့်ဆင့်ဦးစားပေးဆောင်ရွက်ရမည့် လိုအပ်ချက်များ၊ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများ၊ ဖြစ်နိုင်ချေရှိသော ရွှေ့ပြောင်းအလုပ်သမားများ သိသင့်သိထိုက်သော သတင်းအချက်အလက်နှင့် အလုပ်အကိုင်အခွင့်အလမ်း များမှန်ကန်စွာရရှိရေး၊ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများသိရှိ လိုက်နာဆောင်ရွက်နိုင်ရေး၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေး ဗဟိုဌာနများ မှတဆင့် ရွှေ့ပြောင်းအလုပ်သမား များအားကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရေး၊ ရွှေ့ပြောင်းသွားလာခြင်းဖြစ်စဉ်တွင် ဘေးကင်း လုံခြုံစွာနေထိုင်နိုင်ရေးစသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ ကူညီပေးရေး ဗဟိုဌာန (Migrant Resource Center – MRC) ကို ရွှေ့ပြောင်း သွားလာမှု အများဆုံး နေရာဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇမြို့နယ်၊ မြင်းခြံမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးရှိ ထားဝယ်မို့နယ်တို့တွင် (International Labour Organization- ILO) နှင့် ပူးပေါင်း၍ လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအမြို့နယ်နှင့် မြဝတီမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့တွင် (International Organization for Migration- IOM) နှင့်ပူးပေါင်း၍လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်အောက်ရှိ မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင်လည်းကောင်း၊ ယင်းရုံးများနှင့် ပူးပေါင်း၍ လည်းကောင်း ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

အဆိုပါ Center များတွင် ရွှေ့ပြောင်းသွာလာရန် အလားအလာရှိသော အလုပ်သမားများ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့်
ယင်းတို့၏မိသားစုများအားအသိပညာပေးခြင်းနှင့်အကြံပြု ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းစသည့်ရွှေ့ပြောင်းသွားလာခြင်းနှင့်သက်ဆိုင်သော
ဝန်ဆောင်မှုများအားဆောင်ရွက်ပေးလျက်ရှိသည့်အတွက်ရွှေ့ပြောင်းသွားလာ၍အလုပ်လုပ်ကိုင်လိုသောမြန်မာအလုပ်သမားများအနေဖြင့်
သွားရောက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနများ၏ ဆက်သွယ်ရန်လိပ်စာများ
၁။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး၊
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၊ မရမ်းကုန်းမြို့နယ်
အမှတ်-(၈/၁) ၊ နဂါးရုံဘုရားလမ်း၊ အမှတ် ၅ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်း- ဝ၁-၆၆၀၅၉၅
၂။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၊ ချမ်းအေးသာစံမြို့နယ်
(၃၅)လမ်း၊ ရန်ကြီးအောင်လမ်းနှင့် လမ်း(၉၀)ဒေါင့်၊ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
ဖုန်း- ဝ၂- ၂၁၁၅၀၊ ဝ၉-၉၇၇၂၂၀၈၅၂
၃။ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မကွေးမြို့
အကွက်(၁၂)၊ အမှတ်(၉) စီတာပတ်ကွင်းလမ်း၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး
ဖုန်း- ဝ၆၃-၂၁၀၁၉
၄။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) ဘားအံမြို့
အမှတ်(၃) ရပ်ကွက်၊ ဗိုလ်တဲကုန်း၊ ဗိုလ်ချုပ်လမ်း၊ ဘားအံမြို့၊ ကရင်ပြည်နယ်
ဖုန်း- ဝ၅၈-၂၁၁၀၆
၅။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မော်လမြိုင်မြို့
အမှတ် (၁၇)၊ ကျိုက်သာလန်ဘုရားလမ်း၊ ရွှေတောင်ရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်
ဖုန်း-ဝ၅၇-၂၁၁၄၅
၆။ မော်ကွမ်းဒေသ ဒေသဖွံ့ဖြိုးရေးအဖွဲ့၊ ခတ္တာလမ်း၊ မြို့သစ်ရပ်၊ ရပ်ကွက် (၃)၊ ကျိုင်းတုံမြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း
ဖုန်း- ဝ၉-၄၉၀၃၃၄၂၃
၇။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မိတ္ထီလာမြို့
အောင်သုခလမ်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ္တီလာမြို့၊ မန္တလေးတိုင်းဒေသကြီး
ဖုန်း-ဝ၆၄-၂၃၀၄၈၊ ဝ၉-၉၇၇၂၂၀၈၅၃
၈။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မြင်းခြံမြို့
အမှတ် (၁၉)၊ တိုးချဲ့ကွက်သစ်(ခ)၊ (၁၇၆/၁၇၇)၊ မြင်းခြံမြို့၊ မန္တလေးတိုင်းဒေသကြီး
ဖုန်း- ဝ၆၆-၃၀၄၈၈၊ ဝ၉-၉၇၇၂၂၀၈၅၄
၉။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) ကျောက်ဆည်မြို့
အောက်ချိုင်းရပ်၊ ဆူးကုန်းအုပ်စု၊ ကျောက်ဆည်မြို့၊ မန္တလေးတိုင်းဒေသကြီး
ဖုန်း- ဝ၆၆ -၅၀၃၄၀၊ ဝ၉-၉၇၇၂၂၀၈၅၅
၁၀။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) ထားဝယ်မြို့
ဆိပ်ကမ်းသာလမ်း၊ ဆန်ချီးမြို့သစ်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး
ဖုန်း- ဝ၅၉-၂၁၀၄၂၊ ဝ၉-၉၇၇၂၂၀၈၅၁
၁၁။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မြဝတီမြို့
အမှတ်(၄) ရပ်ကွက်၊ မြဝတီမြို့၊ ကရင်ပြည်နယ်
ဖုန်း- ဝ၅၉-၅၀၂၂၃

Complaints Mechanism Center
ပြည်တွင်း/ပြည်ပတွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ၏ လိုအပ်ချက်များကို ကူညီ ဆောင်ရွက်ပေးနိုင်ရန် Complaints Mechanism Center ကို ၂၇-၆-၂၀၁၃ ရက်နေ့တွင် နေပြည်တော် ၌ လည်းကောင်း၊ ၃-၇-၂၀၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားလာသော အလုပ်သမားရေးရာကိစ္စများကို ၂၄ နာရီ လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်တွင်း/ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် အကူအညီတောင်းခံ တိုင်ကြားနိုင်ပါသည်-
နေပြည်တော်၊ Complaints Mechanism Center
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)
ဖုန်းနံပါတ် ဝ၆၇-၄၃၀၁၈၄၊ ဝ၆၇-၄၃၀၂၈၄
ရန်ကုန်၊ Complaints Mechanism Center
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)၊ ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် ၈/၁၊ နဂါးရုံ ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ် ဝ၁-၆၅၀ဝ၈၉၊ဝ၁-၆၅၀၁၈၇

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာနများ

ရွှေ့ပြောင်းအလုပ်သမားများ အတွက် လိုအပ်ချက်များ ထောက်ပံ့ကူညီပေးရန် အတွက်

[download id=”703″]