ရန်ကုန် စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင် စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ပေး အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် တစ်မျိုးသားလုံးအကျုံးဝင်သည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်ဟူသော ရည်မှန်းချက်နှင့်အညီ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ် ၆ မျိုးအနက် နိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ် နှင့် မိသားစုထောက်ပံ့မှု အာမခံစနစ်တို့အတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် နှင့် ပညာသင်စရိတ်ခံစားခွင့်များကို ရရှိမည်ဖြစ်ကြောင်း၊
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်၍ အာမခံအလုပ်သမားများ၏ အချိန်ပြည့် ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ပညာသင်စရိတ် လျှောက်ထားလာသည့် အာမခံအလုပ်သမား (၈,၆၁၁) ဦး၏ သားသမီး (၁၁,၄၈၉) ဦးတို့အတွက် ပညာသင်စရိတ် စုစုပေါင်း ကျပ်သန်း (၄၅၉.၁၆၂) ကို Online Payment စနစ်ဖြင့် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များအတွက် လည်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊
ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ပညာသင်စရိတ် လျှောက်ထားလာ သည့် အလုပ်သမား (၂၆,၆၇၀) ဦးတို့၏ သားသမီး (၃၃,၉၁၂) ဦးအား ပညာသင်စရိတ်နှင့် အလုပ်တွင်ထိခိုက်သေဆုံးခဲ့သည့် အာမခံအလုပ်သမား (၅) ဦးတို့အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေများကို ၎င်းတို့၏ မိသားစုဝင်များထံ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့အချိန်ထိ ပညာသင် စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့ငွေကျပ်သန်း (၁၉၁၄.၄၇၇) ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊
လူမှုဖူလုံရေးအကျုံးဝင်မြို့နယ် (၁၂၈) မှ အလုပ်ဌာန (၃၅,၀၀၀) ကျော်ရှိ အာမခံ အလုပ်သမား (၁.၃၆) သန်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုး ခံစားခွင့်များကို ခွင့်ပြုထုတ်ပေးဆောင်ရွက်လျက်ရှိပြီး အလုပ်ရှင်၊ အလုပ်သမားများ ယုံကြည် အားထားရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် အခိုင်အမာရပ်တည်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးချုပ်ထံသို့ ပညာသင်စရိတ်ဆိုင်ရာ မိသားစု ထောက်ပံ့ငွေ ကျပ်သန်း (၁,၃၂၅.၅၅၀) ကို လွှဲပြောင်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့က အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့သော အာမခံလုပ်သား ၅ ဦး အတွက် အကျိုးခံစားခွင့်ငွေကျပ်သန်း (၆၀.၄၈၀)ကို အသီးသီးပေးအပ်ခဲ့ပြီး ရွေ့လျားဆေးကုသယာဉ် (MMU)ဖြင့် အာမခံလုပ်သားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို တွေ့ဆုံအားပေး စကားပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံသို့ သွားရောက်၍ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား နိုင်ငံတော်၏ အဓိက ကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့် ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်နှင့် ယခင်လမ်းညွှန်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ဆေးရုံအတွင်း တက်ရောက်ဆေးကုသမှုခံယူသူများအား တွေ့ဆုံအားပေးခဲ့ကြောင်း သတင်းရရှိသည်။