23-11-2019 ရက်နေ့၊ နံနက် (09:00) နာရီတွင် Sedona Hotel၊ ရန်ကုန်မြို့၌ အလုပ် သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးနည်းဥပဒေ (မူကြမ်း) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေး ရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အိုင်အယ်လ်အို (ရန်ကုန်ရုံး)မှ Ms. Anne Boyd (Chief Technical Advisor of the TDW Project)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) နှင့် မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF) တို့မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီဝင် များ၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့နှင့် ပဲခူးတိုင်း ဒေသကြီးခုံသမာဓိအဖွဲ့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီး ဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (80) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးနည်းဥပဒေ (မူကြမ်း) ကို 31-8-2019 ရက်နေ့နှင့် ၇-၉-၂၀၁၉ ရက်နေ့တို့တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ ရှင်းလင်းဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသည့် အကြံပြုချက်များနှင့်စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်အဖွဲ့ဝင်များ၏ သဘောတူညီချက် ရရှိနိုင်ရေး နောက်ဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းသည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ ဤနည်းဥပဒေထွက်ရှိမှသာ လက်တွေ့မြေပြင် တွင် အကောင်အထည်ဖော်ရာ၌ လွယ်ကူနိုင်မည်ဖြစ်သည့်အပြင် သက်ဆိုင်ရာ ဦးစီး ဌာနများအနေဖြင့်လည်း မိမိတို့ဌာနနှင့် သက်ဆိုင်သော အလုပ်သမားဥပဒေပါ အခွင့်အရေးဆိုင်ရာအငြင်းပွားမှုများနှင့်ပတ်သက်၍ တိတိကျကျ ဖြေရှင်းဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ နည်းဥပဒေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးညှိနှိုင်း၍ ပြင်ဆင်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများအပြင် အများပြည်သူများပါ ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်မည်ဖြစ်၍ စည်းကြပ်အကောင်အထည်ဖော်လွယ်ကူမည့် နည်းဥပဒေ ထုတ်ပြန်နိုင်ရန်အတွက် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

