အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                   နိုဝင်ဘာလ  ၁၃။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ၁၃-၁၁-၂၀၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ သာဓုကန်စက်မှုဇုန်စီမံခန့်ခွဲရေးကော် မတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းရဲဇော်က အဖွင့်အမှာစကား ပြောကြားသည်။

အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်   သင်တန်းတွင် WCC အဖွဲ့ဝင်များအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လက်ထောက်ညွှန် ကြားရေးမှူးက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စည်းကြပ်သည့်ဥပဒေများနှင့် နည်းဥပဒေ များ၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက် (EC)စာချုပ်ချုပ်ဆိုခြင်း၊ အလုပ်သမားဥပဒေပါ လျော်ကြေးနှုန်းထားများ၊ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၊ ဦးစီးအရာရှိက ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်စပ်လျဉ်းသည့် သိကောင်း စရာများ၊ လူမှုဖူလုံရေးဥပဒေပါအာမခံစနစ်များ၊ လူမှုဖူလုံရေးထည့်ဝင်ကြေးနှုန်းထားများနှင့် ငွေကြေးအကျိုးခံစားခွင့်များ၊ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ပုံစံ-၄) ထုတ်ပေးခြင်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဦးစီးအရာရှိက စည်းကြပ်လျက်ရှိသည့် ဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများ၊ အလုပ်ချိန်အကျုံးဝင်သက်ဆိုင်မှုနှင့် အလုပ်ပိတ်ချိန်၊ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် အချိန်ပိုငွေကြေးတွက်ချက်မှုများနှင့် အများပြည်သူအလုပ်ပိတ်ရက်နှင့်စပ်လျဉ်းသည့် သိကောင်း စရာများကိုလည်းကောင်း၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူးက ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများပါ သိမှတ် ဖွယ်ရာများ၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဥပဒေပါအချက်များ၊ အငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းများ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များပါ သိမှတ် ဖွယ်ရာများကိုလည်း ကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဆောင်ရန်ရှောင် ရန်အချက်များနှင့်စပ် လျဉ်း၍လည်းကောင်း ဆွေးနွေးပို့ချခဲ့ပါသည်။

WCC အဖွဲ့ဝင်များအနေဖြင့် စွမ်းရည်မြှင့်သင်တန်းတက်ရောက်ခြင်းဖြင့် ဥပဒေပါအကျိုး ခံစားခွင့်များကိုသိရှိကာ အငြင်းပွားမှုများကို WCC ဖြင့် လုပ်ငန်းခွင်မပျက် ဆွေးနွေးနိုင်ခြင်း၊ သက် ဆိုင်ရာ အလုပ်ရှင်၊ စီမံအုပ်ချုပ်သူများကိုတင်ပြကာ နှစ်ဖက်လိုလားချက်များကို ညှိနှိုင်းဆောင်ရွက် ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ပြေပြစ်သောလုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက် နိုင်ပြီး အငြင်းပွားမှုများ လျော့နည်းစေမည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ (၂၀)ရုံမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၇၀)ဦး တက်ရောက်ခဲ့ရာ (၁၆:၀၀)နာရီအချိန်တွင် သင်တန်းအောင်မြင်စွာပြီးမြောက်၍ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။